ကျွန်တော်သူငယ်ချင်းမိတ်ဆွေများ အတွက် ကျွန်တော် Bloge ပါ တခါတခါ အချစ်ကြောင်း တခါတခါ သမိုင်းအကြောင်း တခါတခါလူတိုင်းရင်ကို အေးချမ်းစေဖို့ တရားအကြောင်း တခါတခါ အတတ်ပညာတွေ အတွက် နည်းပညာအကြောင်းတွေကို တင်ပေးပါမယ်.. ...
Wednesday, 17 September 2014
ငါမျှော်လင့်ချက် °°°°°°°°°°°°° ငါတစ်ယောက်အတွက်နဲ့ သူများကို မထိခိုက်စေချင်ပါဘူး အဆင်ပြေတာတွေရှိသလို နာကျင်တာတွေလည်း မ ရရှိလေအောင်.. လျှောက်လှမ်းဆဲ ခရီးတထောက်မှာ .. သာယာမှုတွေ ရရှိလေအောင်....... နင်းချမဲ့ နင့်ဖ၀ါးတိုင်းအတွက် လှပတဲ့ ပန်းလေးများ ပွင့်စေချင်တာပါ …. ။ နင်နဲ့ပတ်သက်လို့ ပေးဆပ်မှုတိုင်းမှာလည်း လူ့သဘာဝအရ တုံ့ပြန်မှုတွေ လိုချင်ပေမဲ့ အသွားလမ်းတွေအဖို့ … အပြန်လမ်းမရှိခဲ့ရင်လည်း ဖြေသာအတွေးနဲ့ နေသာအောင် နေပါ့မယ် ….။ နင်နဲ့ပတ်သက်လို့ ……. နာကျင်ခဲ့ရတိုင်း .. ငါ့အတွက် အရှုံးလို့ မမြင်ပဲ အရာရာ တန်ဖိုးထားခဲ့ရတာ.......... ခု .. အဲ့ဒီ့ … နာကျင်မှုတွေက ငါ့ကို ကယ်ဆယ်ခဲ့လေသလား မသိ ငါကိုယ်တိုင် ၀မ်းနည်းမှုတိုင်းအတွက် … ဥပေက္ခါ ပြုတတ်နေပြီလေ…။ ခုလို ရောက်နေဆဲတခဏ … ဖြစ်နေဆဲ အဖြစ်အပျက်တိုင်းမှာ .. မင်းအတွက် … အပြုံးပန်းတို့ ဝေစေဖို့ .. နှလုံးစမ်းရေ သွယ်ပေးပါ့မယ် ….။ မဆုံးသေးတဲ့ ဘ၀ခရီး … တန်ဖိုးရှိရှိ အဆုံးသတ်စေဖို့အတွက်လည်း … ဘ၀မိတ်ဆွေအဖြစ် နင့်အနားမှာ အရိပ်တစ်ခုလို ရှိနေပါ့မယ်။ အို … …..မေခလာရယ်... ပင်လယ်ပြာကူးခတ်နေတာ မောပြီမို့ ...... ငါကိုပြန်ကြည့်ဖို့ နိုးထပါတော့.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment