Monday, 23 February 2015

ချစ်နီခွင့် ရာ ရဖို့လိုရေ...

°°°•••••••••••°°°
ငါ့က ကိုကန့်ဒေသ ပြည်သူတယောက်ဖြစ်နီကေတောင်..
ဗမာ စစ်တပ်နဲ့ ဖုန်ကြားရှင် စစ်တပ် နောက်ထပ်တိုက်ပွဲဖြစ်ဖို့ထက်..
ငါ့မှာ မင်းပြန်ချစ်ဖို့ ကစ္စက အရေးကြီးနီရေ.....။ 


တိုက်ပွဲမှာ ရရေဒါဏ်ရာကို ဆီးကုလို့ရကေလည်း
ငါမှာ မင်းကြောင့်ရရေ ချစ်ဒါဏ်ရာက အနာသိယင့်
ကုဖို့ဆီးမဟီ.....။


မင်းအောင်လှိုင်ပိုင် ရှိနောက်မညီ 
စကားတိကိုမင်းပြောကေလည်း..
ငါ့က ရယ်စရာအသွင်ဆောင်ပျာမင်းကိုချစ်တေ.။

 
ဦးသိန်းစိန်ပိုင်.မနိုင်မနင်း
 စကားတိကိုတပျင်းအကြီးသန်ပြေားလားခကေလည်း
မသိလို့ပြောစွါလို့ အပြစ်မမြင် 

မင်းကွက်လပ်ကိုငါဖြည့်ပီးမယ်ဆိုရေ..အဖြည့်ခံစိတ်နဲ့ချစ်တေ..။

သန်းရွှေပိုင် လူတကာကို အာဏာပြ ဗိုလ်ကျကေလည်း
မင်းပါးမှာ ငါ့ ဇာလောက်အတိုင်းတာထိသည်းခံနိုင်လေဆိုရေ

 စမ်းသပ်မူကို လုပ်စွာဟိဖို့ဆိုရေ အတွေးချေနဲ့ ချစ်တေ ချစ်သူ.....။

ငါ့နှလုံးသားကို နင်မဲမပီးလို့ ငါလွှတ်တော်အမတ်မဖြစ်ရကေလည်းနီလီဖတ်စီ.
ငါ ဇေယာသော် ပိုင် စိန်နကပ်ရောင်နဲ့ ပါးပြောင်လို့အမတ်မလုပ် 

သိန်းစိန်ပိုင် မဲလိမ်လို့ သမ္မတ မလုပ်
မင်းပီးရေလက်တစုံကိုနောင်းနောင်းဆုပ်လို့ရာ ငါစင်ထက်တက်ချင်ရေ..။


ဆရာတော် ဦးဥတ္တမ ကို အသက်မရှိကေလည်း 
အများသူငါလေးစားနီရေပိုင်...မင်းကငါ့အချစ်ကို
 အသိမှတ်မပြုကေလည်း
 ငါကတော့ မင်းကို ငါ့အသက်နောက်ဆုံးစက္ကန့်ထိ ချစ်နီဖို့သိ...။

မင်းကိုချစ်နီရဖို့ဆိုကေ...
အမေရီကန်ကို တိုက်ဖို့စစ်သားလည်းလုပ်ဝံရေ..
အီရတ်က ...အသီခံဗုံးခွဲရေလူလည်းဖြစ်ဝံရေ
ကြိုးပီးခံရဖို့ ပင်လယ် ဒါးပြ လည်းဖြစ်ဝံရေ....။


ချစ်ရစွာက မညောင်းပါ...
ယကေလည်း...မိုးမှောင်ကျနီရေ သိုင်ခေါင်လောက်မှာ
တခုလည်းမမြင်ရဘဲ လမ်းလျောက်နီရလို့ ခက်ခဲ့နီစွာယာ....။


ချစ်တေ ချစ်သူ...ငါကိုလူတိဇာပိုင်ပင်ပြောပြောအချစ်ရှူးလို့ပြောကပ်ကေလည်း....မင်းကိုငါ ဒိုးလုံး ပိုင်အရိုးထိရောက်အောင်ရှူးလို့ ချစ်တယ်.....။/
 
အမ်းသားကြီး.

No comments:

Post a Comment