..........နွေ.......
.......................
မကြွေချင်သူကိုမှ ခြွေလို့
နွေသရုပ်ပါလို့ ပြောတဲ့နွေ
ရိုးတံပြိုင်းပြိုင်း
သစ်ပင်တိုင်းအကျည်းတန်မှ
နွေအလှပြည့်စုံတယ် ဆိုတဲ့နွေ
နွေယဉ်ကြောမှာ
ဥသြငယ်ရင်ကွဲမှ
နွေအလှပီပြင်တယ် ဆိုတဲ့နွေ
စမ်းတွေခမ်းလို့ ပန်းတွေနွမ်း
လှမ်းမယ့်လမ်းမှာ
အလွမ်းတွေသန်းမှ
နွေစခန်းမှာ ပျော်ရက်လေတဲ့
နွေ….. (သို့ ) သူ…
No comments:
Post a Comment