လွမ်းနေပါ့မယ် မြိုငယ်
..............................................
>နေမဝင်အင်ပါယာနဲ့
ကြင်နာခြင်းတွေနိုးထနေတဲ့
ချစ်သူ့မြို့တော်
ရွှေမြို့တော်မှာ
ငြိမ်းချမ်းခြင်းသံစဉ်တစ်ပုဒ်
ပြန့်လွင့်လို့နေခဲ့တယ်...
သက်ရှိသတ္တာဝါတွေအကုန်လုံး ...
ကံကောင်းကြပါစေ......
သက်ရှိသတ္တဝါတွေအကုန်လုံး ...
ဥာဏ်ကောင်းကြပါစေ......
သက်ရှိသတ္တဝါတွေအကုန်လုံး
အဟာရပြည့်ဝကြပါစေ.....
သက်ရှိသတ္တဝါတွေအကုန်လုံး
ရောဂါဘယကင်းဝေးကြပါစေ .....
သက်ရှိသတ္တဝါတွေအကုန်လုံး
စိတ်၏ချမ်းမြေ့ခြင်းနဲ့ပြည့်ဝနိုင်ကြ ပါစေ.........)))))))
ခွန်းဆင့်တေးသံ
မိုးလုံးလျှံ၍ ရှစ်ခွင်ရပ်ဝန်း
ဝဠါလွှမ်းစေ သူမျှဝေသည်
ထုံလွှမ်းမေတ္တာ အကြင်နာနဲ့
နှလုံးသားနယ်နိမိတ်ရဲ့ အချစ်မြို့ရိုး
အားလုံးရဲ့ပလ္လင်နန်းမှာ
ရင်ခုန်သံတွေခြွေချ
ဂရုဏာရနံ့တွေကြွေဆင်းစေတတ်တဲ့
နှလုံးသားထဲက
မြို့စောင့်နတ်မင်း ရယ် ....
ငါ့နှလုံးသားရဲ့မြစ်ဖျားခံရာ
ချို့တည့်တဲ့ စမ်းချောင်းလေးမှာ
ရေနည်းငါးလေးတွေ
နေလောင်ပန်းလေးတွေ
အတွက်
အကြင်နာတွေဖန်ဆင်း
ငြိမ်းချမ်းခြင်းတွေပေးလှည့်ပါတော့ အရှင်....
လေးကိုညှိ့၍ မြှားကိုပစ်ချိန်
လေးရဲ့တုန်ခါမူရော
မြှားရဲ့တီးတိုးရေတွက်သံပါ သင်ကြားနိုင်မှာပါ
သက်ဝင်လှုပ်ရှား ဖြတ်သန်းသွားမယ့် ဒီခရီး
စက္ကန့်တိုင်းမဟုတ်တောင်
သင်ဟာ အချိန်တိုင်းလွှမ်းမိုးနိုင်ခဲ့တယ်
ဖော်ကွာသူအနေခက် ကြွေလွင့်ရင်း
လွမ်းနေပါ့မယ် မြို့ငယ်ရယ်
ဖော်ကွာသူအနေခက် ကြွေလွင့်ရင်း
လွမ်းနေပါ့မယ်ကွယ်....
No comments:
Post a Comment