............( ရခိုင်ဘုရင် မင်းထီး ).......
ရခိုင်လူမျိုးတို့၏ သမိုင်းမှာ လေးမြို့ခေတ် လောင်းကြတ်မြို့တော်၏
အေဒီ ၁၂၀၃ ခုနှစ် နန်းတက်တဲ့ ဘုရင်မင်းထီးဟာ နန်းတက်စ …………
သားမကောင်းလျှင် အဖ၊ သမီးမကောင်းလျှင် အမိ
တပည့်မကောင်းလျှင် ဆရာ၊ ကျွန် မကောင်းလျှင် သခင်
မယား မကောင်းလျှင် လင်ကို …………စီရင်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်..
ကွမ်းစားပြီးလျှင် နန်းတော်တိုင်မှာ မည်သူမျှ ထုံးမသုတ်ရ၊ သုတ်သူကို
တွေ့လျှင် ရာဇဒဏ် ပေးမယ်လို့ အမိန့်ထုတ်ခဲ့တယ်..မင်းထီးဟာ ငယ်ရွယ်သူ
ဆိုတော့ တစ်နေ့မှာ နန်းတော်တိုင်မှာ ကိုယ်တိုင်ပဲ ထုံးသုတ်မိတယ်..
မြင်တဲ့သူက နေ့ရက် အချိန် အတိအကျ မှတ်ထားလိုက်တယ်..
တစ်နေ့ စစ်ဆေးတော့ ထုံးသုတ်ထားတာ တွေ့လို့ ဘယ်သူသုတ်သလဲ
ဆိုတာကို တင်လျှောက်ဖို့ အမိန့်ပေးတယ်..မှတ်ထားတဲ့ အမတ်က
မင်းကြီးကိုယ်တိုင် သုတ်တာကို အတိအကျ တင်လျှောက်လိုက်တယ်..
အဲဒီအခါ မင်းထီးဟာ ငါ့ အမိန့်ကို ငါကိုယ်တိုင် ဖေါက်ဖျက်မိချေပြီ..ဆိုပြီး
ပလ္လင်မှ ဆင်းပြီး မင်းတို့မည်သည် ထွက်ပြီး ဆင်စွယ် ၀င်သည် မရှိ၊
ထွေးပြီး တံတွေးကို ပြန်မျိုတယ် မရှိ ၊ငါ့အမိန့်ကို ငါကိုယ်တိုင် ဖေါက်ဖျက်မိ
ချေပြီဟုပြောကာ ထုံးသုတ်တဲ့ လက်ညိုးကို နန်းတိုင်မှာ တင်လျှက် သံလျက်နဲ့
ခုတ်ပိုင်းလိုက်တယ်..ဒါကို ခေတ်စကားနဲ့ ပြောရရင် ဒီမိုကရေစီခေတ်မှာ
ရေပန်းစားလှတဲ့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဖူးဆိုတဲံ စကားကို
သက်ဦးဆံပိုင်ရှင် မင်းထီးက ကိုယ်တိုင် လက်တွေ့ ကျင့်သုံး ပြခဲ့တဲ့ သာဓကပါ..
( စကားချပ်… ရခိုင်ဘုရင်မင်းထီး သည် ဖြောင့်မတ်မှန်ကန်ပြီး မင်းကျင့်ဝတ်
တစ်ရားနှင့် အညီ ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သော မင်းတစ်ပါးဖြစ်ပြီး
ရခိုင်လူမျိုးများအတွက် ဂုဏ်ယူဘွယ် လေးစားဘွယ်ဖြစ်ပါသည်၊ ထို့ပြင်
ပြည်သူလူထုဟာ တရားဥပဒေ အပေါ် အားထားပြီး အုပ်ချုပ်သူ မင်းကိုလည်း
ချစ်ခင်လေးစားကြည်ညိုလျှက်... ရခိုင်ဘုရင် မင်းထီးနဲ့ တိုင်းသူပြည်သားတို့၏

- နမူနာကို ကြည့်ပြီး သဘောပေါက် သိရှိနိုင်ပါကြောင်း)
No comments:
Post a Comment