နှင်းဝေမဲ့ ဆောင်း

ခ ရေပွင့်တွေလို မ ကြွေလွင့်စေလို .....
စံပယ်ပန်းလိုလည်း အလွယ်မနွမ်းစေလို .....
ကိုယ့်အပြင်
ကိုယ့်အ ရင် က လူ..တဲ့လားမေ
ရှိပါစေ
သတ်ပုံအမှားနဲ့ခလုတ်တိုက်ခဲ
ချစ်ခြင်း မုန်းခြင်း ကင်းချင်ပေမယ့်
အလင်းမ၀င်နိုင်သေးတဲ့ အစွဲ အလန်း
အသည်းတစ်ခြမ်းကို သရဲဖမ်းသလို ၀င် ပူးတိုင်း
မာယာမတတ်တဲ့ သက်ပြင်းတွေက
ငါ့ရင် မှာ ပျာယာလာခတ်တယ်
ငါဘာတတ်နိုင် မှာ လဲ
နောက်အသည်းတစ်ခြမ်းလည်း သူ့အတွက်ပဲလေ..။
အရွယ်တင်နေတဲ့ ချစ်ခြင်းတွေ
အိမ်မြဲနေတဲ့ သံယောဇဉ်တွေ
စေတန်ကိုအလံစိုက် ပြန်တိုက်နေမှတော့
တို့အချစ်တွေ ဒီ မို ကေ ရ စီနဲ့နီးပြီပေါ့..။
စိတ်ဒဏ် ရာ လှေကြီးစီးလို့
အတိတ်ပင် လယ်ခရီးမှာ အိပ်မ နေပါနဲ့
ခါးကျိုးတဲ့ ဂီလာနကံကို နှဖားထိုးမြေလှန်ဖို့
မနက်ဖြန်တွေဆီသွားရ အောင်...မေ
တွဲကူဖို့ လက် "ကမ်း" မယ် ဆွဲယူလို့ "လှမ်း" နော်..
Aurorar Moon
No comments:
Post a Comment