Friday, 19 September 2014


Aurorar Moon
           ·
ရ င် န င့် စွာ နား လ ည် ခြ င်း

သိတဲ့အရာတွေ
ရင် ကိုနာကျင်စေတဲ့အခါ
တဖြည်းဖြည်းနဲ့
မသိချင်ယောင် ဆောင် တတ်လာတယ် ❦

တွေ့ချင်နေ တဲ့ အလွမ်းတွေ
အ ခြေ အ နေကိုနားလည်မိတဲ့အခါ
တဖြည်းဖြည်းနဲ့
မေ့ချင်ယောင် ဆောင် တတ်လာတယ် ❦

ကျချင်နေတဲ့ မျက် ရည် တွေ
သူ မသိစေချင်တော့တဲ့အခါ
တဖြည်းဖြည်းနဲ့
ပျော်ရွှင် သ ယောင် ဆောင် တတ်လာတယ် ❦

သေချာနေတဲ့ သံသယ တွေ
နှလုံးသားကိုမလွန်ဆန်နိုင် တဲ့အခါ
တဖြည်းဖြည်းနဲ့
ယုံကြည်သ ယောင် ခေါင်းညိမ့်တတ်လာတယ် ❦

ဖွင့်ဟချင် တဲ့စကားတွေ
သူ မကြားချင် မှန်း သိတဲ့အခါ
တဖြည်းဖြည်းနဲ့
ခံစားချက်မရှိသ ယောင် မျိုသိပ်တတ်လာတယ် ❦

No comments:

Post a Comment