**ပစ်စလက်ခတ်ည***
မျက်လုံးအစုံမှိတ်ကမ္ဘာတစ်ဖက်မှာအိပ်တဲ့..လ
ကြယ်စင်တွေခရီးထွက်
မှောင် မိုက်ခြင်းနဲ့ ..ည
ခဏ ခဏလွတ်ကျတဲ့ဆန္ဒတွေကို
အရည်မရ အဖတ်မရ တူးဆွတဲ့ ည
ကမ္ဘာတစ်ပတ်လမ်းလျှောက် ရသလို
စေတသိတ်ခန္ဓာမှာ နဖူးက ချွေးခြေမ
ကြေမွဆဲအိပ်ယာခင်း ချွေးနံ့ပြင်းတဲ့ည
အောက်စလွတ်ဒဿနနဲ့သီအိုရီအကွဲအရှ
မြောင်းထဲကျတဲ့ဂျလေဘီ ည
လွဲချော်မှုမှန်သမျှ " စန်း"ထတဲ့ခြေတံရှည်ည
ဒီညရဲ့ဂျီကျပုံတွေကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရပါ့..။
သမုဒယ ကြောင့်ဖြစ်တဲ့ဒုက္ခ
အရှုပ် အပွလို့မမြင် တတ်တော့
အရသာရှိသလို မျိုမျိုချရင်း
သောက်လေ သောက်လေ ငတ်မ ပြေတဲ့အာသီသ
နောက်ထပ် ရမှာ ကြောက်ချင် လှပြီ..။
သိချင်ပေမယ့် မသိချင်တော့ဘူး
ရှိချင်ပေမယ့် မရှိချင်တော့ဘူး..။
တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့
အခိုး အ ငွေ့တွေနဲ့ တိုးဝှေ့တဲ့
အချိုး အ ကွေ့တွေထဲက
ဆက် ဆက် ရုန်း ထွက် ပြ မယ်..။
Aurour Moon
အရည်မရ အဖတ်မရ တူးဆွတဲ့ ည
ကမ္ဘာတစ်ပတ်လမ်းလျှောက် ရသလို
စေတသိတ်ခန္ဓာမှာ နဖူးက ချွေးခြေမ
ကြေမွဆဲအိပ်ယာခင်း ချွေးနံ့ပြင်းတဲ့ည
အောက်စလွတ်ဒဿနနဲ့သီအိုရီအကွဲအရှ
မြောင်းထဲကျတဲ့ဂျလေဘီ ည
လွဲချော်မှုမှန်သမျှ " စန်း"ထတဲ့ခြေတံရှည်ည
ဒီညရဲ့ဂျီကျပုံတွေကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရပါ့..။
သမုဒယ ကြောင့်ဖြစ်တဲ့ဒုက္ခ
အရှုပ် အပွလို့မမြင် တတ်တော့
အရသာရှိသလို မျိုမျိုချရင်း
သောက်လေ သောက်လေ ငတ်မ ပြေတဲ့အာသီသ
နောက်ထပ် ရမှာ ကြောက်ချင် လှပြီ..။
သိချင်ပေမယ့် မသိချင်တော့ဘူး
ရှိချင်ပေမယ့် မရှိချင်တော့ဘူး..။
တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့
အခိုး အ ငွေ့တွေနဲ့ တိုးဝှေ့တဲ့
အချိုး အ ကွေ့တွေထဲက
ဆက် ဆက် ရုန်း ထွက် ပြ မယ်..။
Aurour Moon
အာလုံးဖတ်နိုင်ဖို့အတွက်
ReplyDeleteကျွန်တော်သူငယ်ချင်းမိတ်ဆွေများ အတွက် ကျွန်တော် Bloge ပါ တခါတခါ အချစ်ကြောင်း တခါတခါ သမိုင်းအကြောင်း တခါတခါလူတိုင်းရင်ကို အေးချမ်းစေဖို့ တရားအကြောင်း တခါတခါ အတတ်ပညာတွေ အတွက် နည်းပညာအကြောင်းတွေကို တင်ပေးပါမယ်.. ..
ReplyDelete