Thursday, 25 September 2014

**ပစ်စလက်ခတ်ည***

မျက်လုံးအစုံမှိတ်
ကမ္ဘာတစ်ဖက်မှာအိပ်တဲ့..လ
ကြယ်စင်တွေခရီးထွက်
မှောင် မိုက်ခြင်းနဲ့ ..ည

ခဏ ခဏလွတ်ကျတဲ့ဆန္ဒတွေကို
အရည်မရ အဖတ်မရ တူးဆွတဲ့ ည
ကမ္ဘာတစ်ပတ်လမ်းလျှောက် ရသလို
စေတသိတ်ခန္ဓာမှာ နဖူးက ချွေးခြေမ
ကြေမွဆဲအိပ်ယာခင်း ချွေးနံ့ပြင်းတဲ့ည
အောက်စလွတ်ဒဿနနဲ့သီအိုရီအကွဲအရှ
မြောင်းထဲကျတဲ့ဂျလေဘီ ည
လွဲချော်မှုမှန်သမျှ " စန်း"ထတဲ့ခြေတံရှည်ည
ဒီညရဲ့ဂျီကျပုံတွေကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရပါ့..။

သမုဒယ ကြောင့်ဖြစ်တဲ့ဒုက္ခ
အရှုပ် အပွလို့မမြင် တတ်တော့
အရသာရှိသလို မျိုမျိုချရင်း
သောက်လေ သောက်လေ ငတ်မ ပြေတဲ့အာသီသ
နောက်ထပ် ရမှာ ကြောက်ချင် လှပြီ..။
သိချင်ပေမယ့် မသိချင်တော့ဘူး
ရှိချင်ပေမယ့် မရှိချင်တော့ဘူး..။

တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့
အခိုး အ ငွေ့တွေနဲ့ တိုးဝှေ့တဲ့
အချိုး အ ကွေ့တွေထဲက
ဆက် ဆက် ရုန်း ထွက် ပြ မယ်..။

Aurour Moon

2 comments:

  1. အာလုံးဖတ်နိုင်ဖို့အတွက်

    ReplyDelete
  2. ကျွန်​​တော်​သူငယ်​ချင်းမိတ်​​ဆွေများ အတွက်​ ကျွန်​​တော်​ Bloge ပါ တခါတခါ အချစ်​​ကြောင်း တခါတခါ သမိုင်းအ​ကြောင်း တခါတခါလူတိုင်းရင်​ကို ​အေးချမ်း​စေဖို့ တရားအ​ကြောင်း တခါတခါ အတတ်​ပညာ​တွေ အတွက်​ နည်းပညာအ​ကြောင်း​တွေကို တင်​​ပေးပါမယ်​.. ..

    ReplyDelete