Wednesday, 17 September 2014

ရခိုင်စာပေနှင့်ယဉ်ကျေးမှုဆင်းသက်ရာလမ်း

ရခိုင်စာပေ ဆင်းသက်ရာ လမ်းအစသည် ကမ္ဘာကြီးတွင် လူ့ယဉ်ကျေးမှု ဖြစ်ပေါ်ရာ တခုအဖြစ် သတ်မှတ်ခဲ့ကြသော အိန္ဒိယ နိုင်ငံ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်နယ်မှ အစပြုသည်။ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်ယဉ်ကျေးမှုကို ဆန်းသစ်ကါ ခတ္တိယအနွယ်တို့၏ မဇ္ဇျိမဒေသသည် ယဉ်ကျေးမှု အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။
ဗြာဟ္မဏ အယူဝါဒ၏ ကိုးကွယ်မှုဆိုင်ရာ၌ လူတို့ကို မကေါင်းသော ဂြိုလ်နှင့် မိစ္ဆာ အမျိုးမျိုး တို့၏ အန္တရာယ်မှ အကါအကွယ် ပေးပါဟူသော နတ်များကို ပူဇော်ပသရန် ဂါထါ (လုံချုံခြင်း) များကို ဖန်တီးခဲ့ကြသည်။ ထို့ပြင် သာမ ယဇု ဣရှု ဗေဒင်ကျမ်း သုံးကျမ်းကို ဖန်တီးခဲ့ကြသည်။ ထို့နောက် အာယဗ္ဗာန် မည်သော မန္တရား (သွားစေခြင်း) နှင့် ဂါထါ တို့ကိုစုပေါင်း၍ အာတဗ္ဗဏ ဗေဒင်ကျမ်း ထွက်ပေါ်လာသည်။ ဥပနိသျှခေတ် ဟုဆိုကြသော ဗြာဟ္မဏတို့၏ အတ္တနှင့် ဗြာဟ္မဏ၀ါဒ လွန်ပြီးမှသာလျှင် မဟာဘာရတလင်္ကါနှင့် ရာမာယနလင်္ကါ တို့ကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံတွင် စာပေ ယဉ်ကျေးမှုခေတ် ထွန်း တောက်လာသည်။
အိန္ဒိယနိုင်ငံ မဇ္ဇျိမ ယဉ်ကျေးမှု၏ သက္ကတ စာပေမှတဆင့် ရခိုင်စာပေသို့ ဖန်တီးယူခဲ့ ကြသည်။ ယနေ့ မြန်မာနိုင်ငံ ဟုခေါ်သော ဗမာပိုင် နယ်မြေတွင် လူမျိုးတိုင်းဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုတွင် ရခိုင် လူမျိုးတို့သည် ရှေ့တန်းမှ ရှိနေပေသည်။ အချုပ်ဆိုသော် မြန်မာနိုင်ငံ၌ ယနေ့ ထွန်းကားနေသော ယဉ်ကျေးမှုသည် ရခိုင်ယဉ်ကျေးမှု ပင်ဖြစ်သည်။ အထက်မှစကါးမှန်မမှန်ကို သင်သည် စဉ်းစားရမည့် သိရမည့် နားလည်ရမည့် အချက်မှာ ယဉ်ကျေးမှု ဆိုသော စကါးပင်ဖြစ်သည်။ ထိုယဉ်ကျေးမှု နှင့် ယဉ်ကျေးသည် ဆိုသော ဝေါဟာရ အကြောင်းကို ကျကျ နန သဘောပေါက် နားလည်သူ တယောက် ဖြစ်လျှင် ယနေ့ မြန်မာ နိုင်ငံ၌ ထွန်းကါးနေသော ယဉ်ကျေးမှု၏ အခြေခံရေသောက်မြစ်သည် ရခိုင်သားတို့ထံမှ ဆင်းသက်လာသည် ဆိုသည်ကို လက်ခံမည်ဖြစ်သည်။




 ဦးကျော်ခိုင်

No comments:

Post a Comment