Wednesday, 17 September 2014

မန်မာနိုင်ငံအမျိုးသားသင့်မြတ်ရေးလမ်းစဉ် သို့မဟုတ် ဗမာနှင့်တိုင်းရင်းသားများယုံကြည်မှုတည်ဆောက်ရေးလမ်းစဉ် 

နိဒါန်း ၁၉၄၈ ခုနှစ်တွင် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် ဤလူမျိုးကြီး ၈ မျိုးကို အခြေခံ မူတည်၍ မြန်မာနိုင်ငံဟု ခေါ်တွင်လျှက် အတူတကွ ပူးပေါင်းကါ အေးအတူ ပူအမျှ နေထိုင်ကြရန် ဟူသော ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး ယူခဲ့ကြသည်။ သက္ကရာဇ် ၂၀၁၄ သို့ ရောက်လာသောအခါ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရ လူမျိုး ၁၃၅ မျိုးကို နိုင်ငံသား တိုင်းရင်းသား အဖြစ် သတ်မှတ်ကြသည်။ လုပ်ပိုင်ခွင့်နှင့်အာဏါ မြန်မာနိုင်ငံ၏ ၁၃၅ မျိုးသော တိုင်းရင်းသားမှန်သမျှသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါကို ကါကွယ် ထိမ်းသိမ်း စောင့်ရှောက်ရန်နှင့် အကျိုးစီးပွားကို ခံစားပိုင်ခွင့် ရှိသည်။ မြန်မာနိုင်ငံ၏နိုင်ငံတော်အာဏါအခြေအနေ ၁၉၄၈ ခု မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၂၀၁၄ ခု ယနေ့ အချိန်ထိ နိုင်ငံတော် အာဏါ အရပ်ရပ်ကို ဗမာလူမျိုးတို့ ချုပ်ကိုင်ထါးလျှက် ရှိသည်။ ပြည်တွင်းစစ် ဗမာလူမျိုးများသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါ အရပ်ရပ်ကို ထိမ်းသိမ်း ထါးသော်လည်း ဗမာအပါအ၀င် တိုင်းရင်းသား မျိုးစုံတို့နှင့် ပြည်တွင်းစစ်ပွဲ ဖြစ်နေသည်။ ဤသည်ကိုထေါက်လျှင် ဗမာတို့၏ အုပ်ချုပ်မှု မကျွှမ်းကျင်မှုကို ဖေါ်ပြနေသည်။ တိုင်းရင်းသားများအခြေအနေ တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ အာဏါ အရပ်ရပ်ကို ရယူရေးထက် မိမိပြည်နယ်နှင့် တိုင်းဒေသ တို့တွင်သာ အာဏါရရှိ ရန်ကို လုံးပမ်းနေကြသည်။ ဗမာလူမျိုးတို့ထံတွင် ဖက်ဒရာယ် စနစ်ကို တောင်းနေကြသည်။ ဤသည်ကိုပင်လျှင် ဗမာလူမျိုးတို့က တိုင်းရင်းသားတို့ ခွဲထွက်ရန် ကြံနေသည်ဟူ၍ အဓိက ယူဆနေကြသည်။ မြန်မာနိုင်ငံ၏ရှေ့အလားအလာ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါ အရပ်ရပ်ကို ဗမာလူမျိုးတို့ လက်ထဲတွင်သာ ထါးရှိ နေပါက နောက်ထပ် အနှစ် ၁၀၀ ဗမာတို့ အုပ်ချုပ်လျှင်လည်း တိုးတက်လာစရာ အေးချမ်း သာယာ ၀ပြော လာစရာ အကြောင်းမရှိ။ အဘယ်ကြောင့် ဆိုသော် ဗမာသည် တိုင်းရင်းသားကို မဆိုထါးဘိ ဗမာ လူမျိုး အချင်းချင်း ကို ပင်လျှင် အနှစ် ၆၀ အတွင်း ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်မပေးတတ် ဆိုသည်မှာ ဌိဌမျှက်မြင် ဖြစ်သည်။ တိုင်းရင်းသားများလုပ်ဆောင်ရမည့်အဓိကအချက် မြန်မာနိုင်ငံ ကေါင်းစားရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ အတွက် မြန်မာနိုင်ငံ၏ အာဏါတခုလုံးကို ဗမာလူမျိုး အများစုကြီး အပေါ်တွင် အပ်နှံမထါးဘဲ မြန်မာနိုင်ငံ အေးချမ်း သာယာသည်ကို မြင်လိုလျှင် တိုင်းရင်းသား တို့ကလည်း နိုင်ငံတော် အာဏါ အရပ်ရပ်ကို ခွဲဝေ ပိုင်ဆိုင် ရယူ ရမည် ဖြစ်သည်။ အာမခံချက် ဤသည်မှာ ဗမာနှင့်တိုင်းရင်းတို့ သင့်မြတ်ရေးနှင့် အတူတကွ အမျိုးသားပေါင်းစည်းရေး ပြည်ထေါင်စု မပြိုကွဲရေး ကို အာမခံသည် အဓိက နိုင်ငံရေး အာမခံချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးလက်ရှိအခြေအနေနှင့်အာဏါရယူပိုင်ဆိုင်နိုင်မှု မြန်မာနိုင်ငံတွင် နိုင်ငံရေးအုပ်စုကြီး ၄ ခု အဓိက အားပြိုင်လျှက်ရှိသည်။ ထိုအုပ်စုကြီး ၄ ခု၏ ကြားတွင် ပြည်သူလူထုမှာ ပိပြားညှပ်သိပ်လျှက် ကြီးစွာသော ဒုက္ခနှင့်တွေ့ကြုံရလျှက် ရှိသည်။ ၁။ သမတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ (မြန်မာနိုင်ငံ၏ တရားဝင် လက်ရှိ အစိုးရနှင့် ကြံ့ဖွံ့ပါတီ ) ၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် nld အဖွဲ့ ၃။ တိုင်းရင်းသားပါတီများ(တရားဝင်အဖွဲ့အစည်း) ၄။ လက်နက်ကိုင် အဖွဲ့အစည်းများ (အစိုးရကို တိုက်ခိုက်နေသောအဖွဲ့များ) အထက်ဖေါ်ပြပါ နံပါတ် ၄ အစိုးရကို တိုက်ခိုက်နေသော အဖွဲ့ အစည်းများမှအပ ကျန်အဖွဲ့ ၃ ဖွဲ့သည် မြန်မာ နိုင်ငံ၏ အာဏါအရပ်ရပ်ကို ရယူပိုင်ခွင့်ရှိသည်

 ဦးကျော် ခိုင်

No comments:

Post a Comment