*** နွံ ****
သံတူကြောင်းကွဲ အဆိပ်တက်နေ့ရက်တွေကိုစိတ်လွယ်အိပ်ထဲထည့်လို့
အဆီအငေါ်မတည့်ခြင်းနဲ့မျက်နှာသစ်တဲ့
ဘ၀ရဲ့နိစ္စဓူဝဖြစ်စဉ်ထဲမှာ
ဒီနေ့ဟာ မနက်ဖြန်အတွက်အတိတ်
မနေ့ကအတွက်တော့ အနာဂါတ်
ဒီနေ့ဟာ ဒီနေ့အတွက် ပစ္စုပ္ပန် ....
နာရီလက်တံတွေပုံမှန်လမ်းလျှောက်ရင်း
အချိန်ရထားရဲ့ခြေဖ၀ါးအောက်
ကျန်ခဲ့ခြင်း ချန်ခဲ့ခြင်းများနောက်
ရာသီတွေရင့်မှည့်လာလေလေ
အစွဲတွေကိုထမ်းပိုးရလေလေ
ဒုက္ခသစ္စာမှန်းသဘောမပါတော့
သမုဒယဆိုတာ ဟင်းလေးအိုးကြီးလိုပေါ့
နားမကြားသစ်ပင်ထက်က မျက်ကန်းသစ်သီး
မပြောင်းလဲတဲ့ ပြောင်းလဲခြင်းက
သတိပေးခေါင်းလောင်းဘယ်လိုတီးတီး အပိုကြီးပဲလေ....
နေမင်းကြီးရဲ့မျက်လုံးအဖွင့်အပိတ်မှာ
အရာအားလုံးက အရောင်နဲ့အရိပ်လို
ဖြစ်ပျက်ပြောင်းလဲနှုန်းမြန်ဆန်လိုက်တာ
ဘယ်တန်ခိုးရှင်မှလိုက်မမှီအောင်
သဘာဝမျက်လှည့်ပြသွားလိုက်ပုံများ
တစ်ကွက်ပြီးတစ်ကွက် တစ်ရက်ပြီးတစ်ရက်
အပျက် အပျက်နဲ့နှာခေါင်းသွေးထွက်တဲ့အထိ
ဒီဟင်းလေးအိုးကြီးကိုလွှတ်မချရဲ
အော်....အစွဲ....အစွဲ
မျက်ကန်းတစ္ဆေမကြောက်သလို
ငါဟာ......
အရိပ်ကိုအရုပ်လိုလိုက်ဖမ်းနေမိဆဲ....
AurorarMoon
အချိန်ရထားရဲ့ခြေဖ၀ါးအောက်
ကျန်ခဲ့ခြင်း ချန်ခဲ့ခြင်းများနောက်
ရာသီတွေရင့်မှည့်လာလေလေ
အစွဲတွေကိုထမ်းပိုးရလေလေ
ဒုက္ခသစ္စာမှန်းသဘောမပါတော့
သမုဒယဆိုတာ ဟင်းလေးအိုးကြီးလိုပေါ့
နားမကြားသစ်ပင်ထက်က မျက်ကန်းသစ်သီး
မပြောင်းလဲတဲ့ ပြောင်းလဲခြင်းက
သတိပေးခေါင်းလောင်းဘယ်လိုတီးတီး အပိုကြီးပဲလေ....
နေမင်းကြီးရဲ့မျက်လုံးအဖွင့်အပိတ်မှာ
အရာအားလုံးက အရောင်နဲ့အရိပ်လို
ဖြစ်ပျက်ပြောင်းလဲနှုန်းမြန်ဆန်လိုက်တာ
ဘယ်တန်ခိုးရှင်မှလိုက်မမှီအောင်
သဘာဝမျက်လှည့်ပြသွားလိုက်ပုံများ
တစ်ကွက်ပြီးတစ်ကွက် တစ်ရက်ပြီးတစ်ရက်
အပျက် အပျက်နဲ့နှာခေါင်းသွေးထွက်တဲ့အထိ
ဒီဟင်းလေးအိုးကြီးကိုလွှတ်မချရဲ
အော်....အစွဲ....အစွဲ
မျက်ကန်းတစ္ဆေမကြောက်သလို
ငါဟာ......
အရိပ်ကိုအရုပ်လိုလိုက်ဖမ်းနေမိဆဲ....
AurorarMoon
No comments:
Post a Comment