Sunday, 14 December 2014

မပျောက်ကွယ်ပါနဲ့ အမှန်တရားရယ်...
################
နှင်းဆီဆူး နဲ့ ခူးတဲ့ အိပ်မက်မို့ 
ငါ့လက်တွေ စူးလဲ စူးစေတော့
ငါဟာ ဒဏ်ရာ နဲ့  ပျော်တတ်ခဲ့ပြီ

မောင်ပို နဲ့ မောင်ကျား
နေရာရွှေ့ လို့ ကောင်းတဲ့ အရာတွေမှ မဟုတ်ပဲကွယ်
ပို နေ မြဲ ကျား နေ မြဲ သာ
အသင့်တော်ဆုံးမို့ 
နှလုံးသားကို ဖျက်
ငါ ဇောက်ချ ရူးသွပ်လိုက်တာပါ
ငါတို့ သက်ဝင်ယုံကြည်ထားတာတွေ အတွက်
အချစ်က အရာရာကို အကောင်းအတိုင်း ပြန်ဖြစ်စေမှာမှ မဟုတ်ပဲ ၊၊ ၊၊
ငါ မ တန် ဘူး ရူး တဲ့ ကောင် လို့ သာ မှတ်
ဖြစ်ခဲ့တာတွေကို တွေး
ဖြစ်ချင်နေတာကို ဖျက်
ဖြစ်သင့်နေတာတွေ ကို ကြိုးစား
င့ါ ရဲ့  အဖိုးအခ (တန်ဖိုး) ဆိုတာ
မျက်ရည်နဲ့ ယှက်တဲ့ ကဗျာ စာရွက်ထက် မပိုတာ သိပါကွယ်
လာပါကွယ် . . .
အကြည့်လေးတစ်ချက်လောက်နဲ့ 
ငါတို့ အဆုံးထိ ဝေးပစ်ရအောင်ပါ ၊၊ ၊၊
နင်ဟာ နောက်ဆုံးသစ်ရွက်လေးကြွေရင်
သေမယ် လို့ ယုံကြည်ထားတဲ့သူ
ငါဟာ နောက်ဆုံးသစ်ရွက်လေးကို ရေးဆွဲခဲ့တဲ့သူ
ဒါပါပဲ . . .
အရိုးစင်းဆုံးက အနက်နဲဆုံးကို ဖြစ်စေခဲ့
အဖြူစင်ဆုံးက အရောင်တွေကို နက်စေခဲ့
အို . . . ကြမ္မာ ရယ်
အမှောင်ခန်းထဲမှာ ငိုနေသူ သူ့ အတွက်
အမှန်တရားက တံခါးတစ်ချက်လေးတောင် လှပ်ပြမသွားဘူး.....။
Copy    အမ်းသားကြီး

No comments:

Post a Comment