Sunday, 14 December 2014

((( နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ် ၁၁ / ဆိုရင် မြန်မာနိုင်ငံတွင်း ခရီးသွားလာရေး၌ ခိုးဝင်ကုလားထက်တောင်ဆိုးနေတဲ့ ရခိုင် )))
**********************************
မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်မှာ ရခိုင်လူမျိုးများ နိုင်ငံအနှံခရီးသွားလာရေးကို သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းထားပါသလား ။
ပြည်ပနိုင်ငံတွေက ခိုးဝင်နေထိုင်ကြတဲ့ ဘင်္ဂလီကုလားတွေတောင်မှ နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ဘယ်ပုံဘယ်နည်းနဲ့ပင်ရရ နိုင်ငံအနှံ့ခရီးသွားလာနိုင်ကြပါတယ် ။
မြန်မာနိုင်ငံမှာ တရားဝင်တိုင်းရင်းသားမျိုးနွယ်ဖြစ်တဲ့ ရခိုင်လူမျိုးတွေကိုကျတော့ တစ်ချို့ဒေသတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားကြတယ် ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုရင် မြိတ် ထားဝယ် ကော့သောင်းမြို့များကို ရခိုင်လူမျိုး နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ် ၁၁ / သာဆိုရင် မြို့အဝင်မပြောနဲ့ ။ ရဲက စစ်လား ဆေးလားနဲ့ အချုပ်ထဲနှစ်ညလောက်အိပ်ပြီးတော့ မိမိလာရာလမ်းကို ပြန်ပို့တော့တာပါဘဲ ။
မိမိဒေသမှာ အလုပ်ရှားပါးလို့ သူများပြည်နယ် ( ကိုယ့်နိုင်ငံအတွင်း ) ထဲမှာ ခရီးသွားလာခွင့်ကို ဘာကြောင့်ပိတ်ပင်ရတာပါလဲ ။ ကော့သောင်းကတစ်ဆင့် ပြည်ပနိုင်ငံတွေကို သွားလာနေကြတာ ရခိုင်လူမျိုးတစ်မျိုးတည်းသာ သွားလာနေကြတာလား ။ ဒါဆိုရင် တစ်ခြားတိုင်းရင်းသားတွေကိုကျတော့ သွားလာခွင့်ပြုပြီးတော့ ၁၁ / လို့ မြင်လိုက်တာနဲ့ ဘာ့ကြောင့် နောက်ပြန်ဆုတ်ခိုင်းရတာလဲ ။ ရခိုင်လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်ထောင်စုတိုင်းရင်းသားမဟုတ်ဘူးလား ။ ခိုးဝင်ကုလားတွေတောင်မှ တစ်နိုင်ငံလုံးကို ခိုးဝင် ခိုးထွက်သွားလာနေကြတာကို ဘာရယ်ကြောင့် ခွင့်ပြုထားရသလဲ ။
အခု တစ်စခန်း ထ.လာတာကတော့ ကချင်ပြည်နယ် နယ်နမိတ်ပါဘဲ ။ ၁၁ / မြင်ရင် ကချင်ပြည်နယ်ထဲကို သွားခွင့်မပြုတော့ဘူး ။ ရွှေမှော် ကျောက်မှော်တွေကို စီးပွါးရှာသွားတာပါလို့လည်း ဝင်ခွင့်မပေးတော့ဘူး ။ ရခိုင်ဒေသတွင်း စီးပွါးရေးကဏ္ဍကိုလည်း အဖက်ဖက်ကနေ နှိပ်ကွပ်ထားတယ် ။ ပြည်မဘက်ကို စီးပွါးရှာတော့လည်း ခွင့်မပြုပြန်ဘူး ။ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ် ၁၁ / ကိုင်ဆောင်ထားကြတဲ့ ရခိုင်လူမျိုးတွေကို ပြည်ထောင်စုတိုင်းရင်းသားရယ်လို့ မသတ်မှတ်တော့တာလား ။
၁၁ / လို့ မြင်ရင်ဖြင့် ဘီလူးသဘက်ဝင်စီးသလို လန့်ဖြန့်နေတော့တာဘဲ ။ ဒါဟာ သွေးရိုးသားရိုး မဟုတ်နိုင်တော့ဘဲ တိုင်းရင်းသားလူမျိုးတွေကို နှိပ်ကွပ်ရေး ရခိုင်တွေကို နလန်မထူနိုင်အောင် တမင်တကာ ဂြိုဟ်မွှေနေတယ်လို့ပဲ ဆိုရပါတော့မယ် ။ ဦးချိုမနိုင်တော့လည်း နားရွက်ကို လိမ်ထားကြအုံးပေါ့လေ ။ ရခိုင်တွေရဲ့ နောက်ဆုံးထွက်ပေါက်ထဲမှာ မဟာဝါဒကြီးတွေ လူမျိုးရောနှောလို့ မျိုးပျောက်ပြီး ဒုက္ခမရောက်ကြပါစေနဲ့လို့သာ . . . . . . . . .

နန်းတွင်းမိညို

No comments:

Post a Comment