Friday, 19 September 2014



 ··

 * *ရှ တတ အိပ်မက်များ * *

မုတ်သုံရာသီအလှည့် အ ပြောင်းမှာ ရွဲ့စောင်းခဲ့ရတဲ့
ပိုးစိုးပက်စက် အခါလွန်အိပ်မက်တွေ
အခုတော့ ပိုးလိုးပက်လက်နဲ့ပေါ့ ။


နေထွက် နေ၀င် မ ကောင်းတဲ့ ဘ၀ကျောင်းမှာ
ဘ၀အ ကြောင်းကို ဘ၀လောင်းလို့သွန်သင်
စိတ်ပန်းနာ ရင် ကျပ် တစ်ပုံ တစ်ပင် နဲ့
အစုံ အလင် သင် ခန်းစာတွေရဲ့
အလဲလဲ အကွဲကွဲ စာမျက်နှာများ....
သံသရာရှည်ဖို့ဆုတောင်းမှားခဲ့လို့လား ။

ဘ၀ကို ဘ၀အတွက်
ဘ၀နဲ့ပြန်မျှားရတဲ့ ဘ၀တွေအတွက်
ဘ၀ဟာ ဘ၀အတွက် ငါးစာ
ဘ၀ဆိုတာ ဘ၀ကို ဘ၀နဲ့ရေးတဲ့ကဗျာ
ဘ၀ဟာ ဘ၀အတွက်
နှစ်ထပ်ကွမ်းမက်ခွင့်မရှိတဲ့ အိပ်မက် ။

ဘ၀မှာ ခေါင်းညှိတ်ခဲ့ခြင်းတိုင်းဟ
အမှန်တွေချည်းမဟုတ်ခဲ့သလို
အမှန်တွေတိုင်းကိုလည်း ခေါင်းမညှိတ်နိုင် ခဲ့ ဘူး
ဓမ္မ နဲ့ အဓမ္မကြားက ဒွိဟများကိုထမ်းပိုး
ပုပ်သိုးနေတဲ့ အိပ်မက်ကိုခြေရာကောက်
ရပ်ဝန်းတစ်ခုဆီ အေ ရာက်
ခွေးတိုးပေါက်က ခေါင်းပြူနေတဲ့ စိတ်တွေရယ်
ပလိုင်း အ ပေါက်နဲ့ ဖားကောက်ခဲ့အတိတ်တွေရယ်
မြစ်တစ်စင်းလိုချက်ချင်း တောင် ပံဖြန့်စီးဆင်းလာခဲ့တယ်။

ဒါတွေဟာ
ဘယ်တော့မှ ပြန်အသစ် မဖြစ်
ကျန်ခဲ့ရစ်တဲ့ အိပ်မက်တွေ......
အဆိပ်တက် အိပ်မက်ဆိုတော့လည်း
သိပ်ခက်ပါတယ်ကွယ်
စိတ်ထက်ကအရိပ်ဖြစ်လို့ လမ်းကြုံရင်နှိပ်စက်တယ် ။



Aurorar Moon



No comments:

Post a Comment