Friday, 19 September 2014



(ဘော်ဒါ ,အမ်း သား ကြီး အ တွ က်)

❀ အ ဖြူေ ရာ င် သိုး မဲ❀ 



ဘက်ဂီယာမပါရေ စက်လှေပိုင်
နောက်ဆုတ်လို့မရ ရေအဖြစ်

တစ်သက်မာ တစ်ခါချစ်လို့
စူးစူးနစ်နစ် ဖြစ်တည် ခ ကေ လဲ
တစ်ဖက်သတ်ဆိုစော်
တစ်ဖက်တည်းကိုသတ်တေအမျိုး
ဒဏ် ရာ တိုးဖို့ဆို တိုးလောက်တေ။

မျက်လုံးနှစ်လုံးစုံမှိတ်ထားစော်တောင်
အမြင် အာ ရုံ ထဲ သဲသဲကွဲကွဲသူရှိရေ
သူ့အရိပ်ထဲမာ အခါခါလဲကျ
အဆီ အေ ငါ် မတည့်ရေ အနာတရနန့်
ပြန်ပနာ ထ ရေ စာ် မသက်သာ
ကိုယ့်ဒုက္ခ ကိုယ်ရှာဆိုဆို
အပိုလို့ေ နာ င် တ မ ရ
ကြီးမိုက်ဘ၀က ယပိုင်ယာ။

အမှန်ဆိုကေ သူစော်
မရွာဘဲညိုရေမိုး မဟုတ်ခပိုင်
မညိုဘဲရွာရေမိုးလဲ မဖြစ်ခ
ငါ့အတွက်
မညိုဖူး မရွာဖူးရေ မိုး
ရာသက်ပန် ဂလန့်ထိုးထားရေ တံခါးမျိုး
ဆက်တိုးဖို့ လမ်းမရှိ
အပြစ်ပြောဖို့ စကားမရှိ
မ မျှော်လင့်မိဖို့ ပြောဖူးပါ၏။

ခရမ်းလွန်ရောင်ခြည်သန်းရေ ငါ့ကမ္ဘာမာ
သူစော် "အိုေ အ စ စ်"
သကာပေါင်းစုံစီးဆင်းရာ ပျားရည်မြစ်
ငါ့အတွက် မဖြစ်လဲရှိပတ်စီ
လုပ်ယူလို့မရပိုင်
ဖန်တီးလို့ မ ရေ ရ ရင် တွ င်းသယံဇာတ
သူ့အတွက် ပေါကြွယ်ဝစီ။

ယ ပို င် န န့်
မွီးရာပါ ကျွန်းခံရေနှလုံးလမ်းမာ
ကျိန်စာသင့် ခြီလှမ်းအမှားနန့် ငါစော်
သူ့အတွက်
အဖြူရောင် သိုး မဲ တ စ်ေ ကာ င် ပါ။


No comments:

Post a Comment