Wednesday, 17 September 2014

မြန်မာနိုင်ငံအမျိုးသားသင့်မြတ်ရေးလမ်းစဉ် သို့မဟုတ် ဗမာနှင့်တိုင်းရင်းသားများယုံကြည်မှုတည်ဆောက်ရေးလမ်းစဉ် နိဒါန်း ၁၉၄၈ ခုနှစ်တွင် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် ဤလူမျိုးကြီး ၈ မျိုးကို အခြေခံ မူတည်၍ မြန်မာနိုင်ငံဟု ခေါ်တွင်လျှက် အတူတကွ ပူးပေါင်းကါ အေးအတူ ပူအမျှ နေထိုင်ကြရန် ဟူသော ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး ယူခဲ့ကြသည်။ သက္ကရာဇ် ၂၀၁၄ သို့ ရောက်လာသောအခါ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရ လူမျိုး ၁၃၅ မျိုးကို နိုင်ငံသား တိုင်းရင်းသား အဖြစ် သတ်မှတ်ကြသည်။ လုပ်ပိုင်ခွင့်နှင့်အာဏါ မြန်မာနိုင်ငံ၏ ၁၃၅ မျိုးသော တိုင်းရင်းသားမှန်သမျှသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါကို ကါကွယ် ထိမ်းသိမ်း စောင့်ရှောက်ရန်နှင့် အကျိုးစီးပွားကို ခံစားပိုင်ခွင့် ရှိသည်။ မြန်မာနိုင်ငံ၏နိုင်ငံတော်အာဏါအခြေအနေ ၁၉၄၈ ခု မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၂၀၁၄ ခု ယနေ့ အချိန်ထိ နိုင်ငံတော် အာဏါ အရပ်ရပ်ကို ဗမာလူမျိုးတို့ ချုပ်ကိုင်ထါးလျှက် ရှိသည်။ ပြည်တွင်းစစ် ဗမာလူမျိုးများသည် မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါ အရပ်ရပ်ကို ထိမ်းသိမ်း ထါးသော်လည်း ဗမာအပါအ၀င် တိုင်းရင်းသား မျိုးစုံတို့နှင့် ပြည်တွင်းစစ်ပွဲ ဖြစ်နေသည်။ ဤသည်ကိုထေါက်လျှင် ဗမာတို့၏ အုပ်ချုပ်မှု မကျွှမ်းကျင်မှုကို ဖေါ်ပြနေသည်။ တိုင်းရင်းသားများအခြေအနေ တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ အာဏါ အရပ်ရပ်ကို ရယူရေးထက် မိမိပြည်နယ်နှင့် တိုင်းဒေသ တို့တွင်သာ အာဏါရရှိ ရန်ကို လုံးပမ်းနေကြသည်။ ဗမာလူမျိုးတို့ထံတွင် ဖက်ဒရာယ် စနစ်ကို တောင်းနေကြသည်။ ဤသည်ကိုပင်လျှင် ဗမာလူမျိုးတို့က တိုင်းရင်းသားတို့ ခွဲထွက်ရန် ကြံနေသည်ဟူ၍ အဓိက ယူဆနေကြသည်။ မြန်မာနိုင်ငံ၏ရှေ့အလားအလာ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏါ အရပ်ရပ်ကို ဗမာလူမျိုးတို့ လက်ထဲတွင်သာ ထါးရှိ နေပါက နောက်ထပ် အနှစ် ၁၀၀ ဗမာတို့ အုပ်ချုပ်လျှင်လည်း တိုးတက်လာစရာ အေးချမ်း သာယာ ၀ပြော လာစရာ အကြောင်းမရှိ။ အဘယ်ကြောင့် ဆိုသော် ဗမာသည် တိုင်းရင်းသားကို မဆိုထါးဘိ ဗမာ လူမျိုး အချင်းချင်း ကို ပင်လျှင် အနှစ် ၆၀ အတွင်း ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်မပေးတတ် ဆိုသည်မှာ ဌိဌမျှက်မြင် ဖြစ်သည်။ တိုင်းရင်းသားများလုပ်ဆောင်ရမည့်အဓိကအချက် မြန်မာနိုင်ငံ ကေါင်းစားရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ အတွက် မြန်မာနိုင်ငံ၏ အာဏါတခုလုံးကို ဗမာလူမျိုး အများစုကြီး အပေါ်တွင် အပ်နှံမထါးဘဲ မြန်မာနိုင်ငံ အေးချမ်း သာယာသည်ကို မြင်လိုလျှင် တိုင်းရင်းသား တို့ကလည်း နိုင်ငံတော် အာဏါ အရပ်ရပ်ကို ခွဲဝေ ပိုင်ဆိုင် ရယူ ရမည် ဖြစ်သည်။ အာမခံချက် ဤသည်မှာ ဗမာနှင့်တိုင်းရင်းတို့ သင့်မြတ်ရေးနှင့် အတူတကွ အမျိုးသားပေါင်းစည်းရေး ပြည်ထေါင်စု မပြိုကွဲရေး ကို အာမခံသည် အဓိက နိုင်ငံရေး အာမခံချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးလက်ရှိအခြေအနေနှင့်အာဏါရယူပိုင်ဆိုင်နိုင်မှု မြန်မာနိုင်ငံတွင် နိုင်ငံရေးအုပ်စုကြီး ၄ ခု အဓိက အားပြိုင်လျှက်ရှိသည်။ ထိုအုပ်စုကြီး ၄ ခု၏ ကြားတွင် ပြည်သူလူထုမှာ ပိပြားညှပ်သိပ်လျှက် ကြီးစွာသော ဒုက္ခနှင့်တွေ့ကြုံရလျှက် ရှိသည်။ ၁။ သမတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ (မြန်မာနိုင်ငံ၏ တရားဝင် လက်ရှိ အစိုးရနှင့် ကြံ့ဖွံ့ပါတီ ) ၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် nld အဖွဲ့ ၃။ တိုင်းရင်းသားပါတီများ(တရားဝင်အဖွဲ့အစည်း) ၄။ လက်နက်ကိုင် အဖွဲ့အစည်းများ (အစိုးရကို တိုက်ခိုက်နေသောအဖွဲ့များ) အထက်ဖေါ်ပြပါ နံပါတ် ၄ အစိုးရကို တိုက်ခိုက်နေသော အဖွဲ့ အစည်းများမှအပ ကျန်အဖွဲ့ ၃ ဖွဲ့သည် မြန်မာ နိုင်ငံ၏ အာဏါအရပ်ရပ်ကို ရယူပိုင်ခွင့်ရှိသည်။

နိုင်ငံရေးကစားကွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ကစားကွက်ကို အဓိက ဖန်တီးနေသူမှာ လက်ရှိ သမတ ဦးသိန်းစိန် အစိုးရ ဖြစ်သည်။ ၂၀၁၅ ရွှေးကေါက်ပွဲတွင် အာဏါရရှိရန် အတွက် နိုင်ငံရေး နည်းဗျူဟာနှင့် မဟာဗျူဟာကို ခင်းကျင်းကါ အပြင်းအထန် ကြိုးစားလျှက်ရှိသည်။ ဤကစားကွက်ကို နားမလည်ဆုံးသော သူများမှာလည်း တိုင်းရင်းသား ပါတီများပင် ဖြစ်သည့် အပြင် ဤနိုင်ငံရေးကစားကွက်ကို အသုံးချရမည့် သူများမှာလည်း တိုင်းရင်းသား ပါတီများပင် ဖြစ်သည်။ တိုင်းရင်းသားပါတီများလုပ်ရမည့်ပထမနိုင်ငံရေးလမ်းစဉ် တိုင်းရင်းသားပါတီများသည် နိုင်ငံတော်၏ အာဏါ တချို့တ၀က်ကို ပေးမည့် မည်သည့် ပါတီနှင့် မဆို ပူးပေါင်း နိုင်ရမည် ဖြစ်သည်။ ဤနည်းဖြင့် မြန်မာနိုင်ငံ၏ အာဏါကို ဗမာလူမျိုးများ ကြီးစိုးမှုထံမှ လွဲပြောင်း ရယူရမည် ဖြစ်သည်။ တိုင်းရင်းသားများရယူရမည့်နိုင်ငံတော်အာဏါ တိုင်းရင်းသားများသည် နိုင်ငံတော်၏ အာဏါကို ပထမ ဗမာတို့ထက် ပို၍ မရယူသင့်သည့် အတွက် လာမည့် ၂၀၁၅ ရွေးကေါက်ပွဲ မတိုင်မှီ မိမိတို့ တိုင်းရင်းသားများကို ဤမျှသော အာဏါ နေရာကို ပေးမည့် မည်သည့် ပါတီနှင့်မဆို ပူပေါင်းမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သင့်သည်။ တိုင်းရင်းသားတို့ တောင်းဆိုသော အချက်ကို အများဆုံး ဖြည့်ဆီးပေးမည့် ပါတီနှင့် ပူးပေါင်းရမည်။ ဆွေးနွေးရမည်။ လုံးဝ မရက ရွေးကေါက်ပွဲကို သပိတ်မှောက်ခြင်းမှအစ နိုင်ငံရေး ဆောင်ရွက်စရာ များကို လုပ်ဆောင်ရမည် ဖြစ်သည်။ နိုင်ငံတော်အာဏါကိုခွဲဝေသင့်သည့်ရာခိုင်နှုန်း သမတ ၀န်ကြီးချုပ် ၀န်ကြီးများ ဤရာထူးများကို ပထမ ရာထူးများဟုသတ်မှတ်ရမည်။ ဤရာထူးများကို ခွဲဝေရာ၌ ၄ အချိုး ၁ ရာခိုင်နှုန်းဖြင့် ခွဲဝေရန် တိုင်းရင်းသားတို့ တောင်းဆိုရမည်။ ဥပမာ ၁။ သမတ၊ ၀န်ကြီးချုပ်၊ ကါကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဤ ၄ နေရာကို ဗမာယူပါ (သို့မဟုတ် ) စိတ်ကြိုက် ၄ နေရာကို ဗမာယူပါ။ ၂။ ကျန်နေသော ၀န်ကြီး နေရာတို့ အထဲမှ တိုင်းရင်းသား ပေါင်းစု မှ တနေရာ ယူမည်။ ဤသို့ဖြင့် ၄အချိုးတစ် ရာခိုင်နှုန်းဖြင့် ပထမ နေရာကို ခွဲဝေယူရမည်။ ၃။ ဒုသမတ ဒုဝန်ကြီး ဒုတိယ ၀န်ကြီးများ နေရာကို ဗမာ ၃ တိုင်းရင်းသား ၁ အချိုးဖြင့် တိုင်းရင်းတို့သည် ဗမာ လက်အောက်မှ နေ၍ ဗမာနှင့် သင့်မြတ်ရေး လမ်းစဉ်ကို နှစ်အလိုက် ရွေးကေါက်ပွဲ အလိုက် တိုး၍ တိုး၍ အစိုးရ၏ အရေးကြီးသည့် ၀န်ထမ်း နေရာများတွင် တာဝန်ယူ လုပ်ဆောင်သွားရမည်။ ဗမာကို အမြုတေထါး၍ မြန်မာနိုင်ငံတိုးတက်ရေးကို လုပ်ဆေင်သွားရမည် ဖြစ်သည်။ နိုင်ငံတော်စစ်တပ် နိုင်ငံတော်တွင် ယခုလက်ရှိ စစ်တပ်ကို ရှေ့ ရွေးကေါက်ပွဲ တခုထိ ၅ နှစ်တိတိ ယခု အတိုင်း ဗမာတို့၏ ယုံကြည်မှုကို ရရှိရန် ထါးသင့်သည်။ ဖက်ဒရာယ်ပြည်ထေါင်စု ဖက်ဒရာယ်ပြည်ထေါင်စု သို့မဟုတ် နိုင်ငံပေါင်းစု ပြည်ထေါင်စု စနစ်ကို မသွားခင် မြန်မာနိုင်ငံလုံးဆိုင်ရာဗဟိုနိုင်ငံရေးဦးသျှောင်အဖွဲ့ (အရပ်သား) ကို နိုင်ငံအကျိုးပြု ပုဂ္ဂိုလ်များ နိုင်ငံတော်အဆင့်မြင့် ၀န်ထမ်းဟောင်းများ ပညာရှိနှင့် ပညာရှင်များ စသည့် ကိုယ့်ကျင့်တရားကေါင်းမွန်သော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းရမည်။ ထိုအဖွဲ့၏ တာဝန်မှာ ၁။ ၂၀၁၅ ရွေးကေါက်ပွဲပြီး၍ နှစ်စဉ် ဖေဖေါ်ဝါရီလ ရောက်တိုင်း တလတိတိ နိုင်ငံ တ၀ှမ်းလုံးတွင် လွတ်လပ်စွာ ဖက်ဒရာယ် အမြင်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံကို ဆွေးနွေးခြင်းမှ ရလာသည့် ကေါင်းနိုးရာရာ များကို အစိုးရမှ ကျင့်သုံးသင့်သည်ဟု ထေါက်ခံတင်ပြခြင်း နှင့် မှတ်တမ်းတင်ခြင်း ထိုတင်ပြသည့် စာတမ်းရှင်များကို အထေါက်အပန့်ပေးခြင်း အကါအကွယ်ပေးခြင်း တို့ကို ပြုလုပ်ရမည်။ မှတ်ချက်။ ။ ဤတင်ပြချက်များကို လက်ရှိအစိုးရသည် ကျင့်သုံးချင်မှ ကျင့်သုံးမည်ဖြစ်သည်။

၂။ စစ်တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် ရွေးချယ်ခန့်ထါးရေး လေ့ကျင့်ရေးမှ စ၍ ပြည်ထေါင်စုတပ် ဖွဲ့စည်းရေး နှင့် အာဏါ ခွဲဝေရေး အပြင် တခြားတခြားသော တပ်များ ရဲများ ဖွဲ့စည်းရမည့် လက်နက်ကိုင် အဖွဲ့များကို မည်ကဲ့သို့ ဖွဲ့စည်းသင့်သည် ဖျက်သိမ်းသင့်သည် တို့ကိုလည်း အထက်ပါအတိုင်း ဖေဖေါ်ဝါရီလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုနိုင်ငံရေး ဦးသျှောင် အဖွဲ့၏ လက်အောက်တွင် လူထုသည် လွတ်လပ်စွာ တင်ပြနိုင်ရမည် ဖြစ်သည်။ ထိုတင်ပြချက်များ၏ ကေါင်းနိုးရာရာ များကိုလည်း လက်ရှိအစိုးရထံသို့ ဤအဖွဲ့မှ အကြံပေး တင်ပြခြင်း မှတ်တမ်း တင်ခြင်း များကို ပြုလုပ်ရမည် ဖြစ်သည်။ မှတ်ချက်။ ။ ဤတင်ပြချက်များကို လက်ရှိအစိုးရသည် ကျင့်သုံးချင်မှ ကျင့်သုံးမည်ဖြစ်သည်။ ၃။ ဖက်ဒရာယ် စနစ်ဘဲဖြစ်ဖြစ်၊ နိုင်ငံပေါင်းစု ပြည်ထေါင်စု စနစ်ဘဲ ဖြစ်ဖြစ်၊ တခြားစနစ် တခုခုဘဲ ဖြစ်ဖြစ် ဤ မြန်မာနိုင်ငံလုံးဆိုင်ရာဗဟိုနိုင်ငံရေးဦးသျှောင်အဖွဲ့သည် နိုငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ အတူတကွ သွေးစည်း ညီညွတ်စွာ ပူးပေါင်းနေထိုင်နိုင်ရေး ဟု ဆိုနိုင်သော မိသားစု ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်ရန် နှင့် ပြည်သူလူထု၏ အဓိက လိုလားချက်များကို လက်ရှိ အစိုးရမှ သိရှိနားလည် နိုင်စေရန် ပြည်သူနှင့် အစိုးရကြား နေရာမှ စေ့စပ်ပေးသူ အဖြစ် နိုင်ငံတော် အေးချမ်းမှုကို မရမချင်း ပါဝင်ရမည်ဖြစ်သည်။ နိဂုံး မြန်မာနိုင်ငံ၏ အာဏါကို ၁၃၅ မျိုးသော မြန်မာ အမည်ခံ တိုင်းရင်းသားမှန်သမျှ ရယူပိုင်ခွင့်ရှိသည် ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ တိုင်းရင်းသား မြန်မာတို့၏ ခေါင်းပေါ်မှ ကျော်၍ မည်သူမျှ မြန်မာနိုင်ငံတည်ဆောက်ဆဲ ကါလတွင် အာဏါမရှိ စေရ၊ အကျိုးအမြတ်ကို မခံစားစေရ၊ မြန်မာနိုင်ငံ၏ အကျိုးအမြတ်ကို မြန်မာအမည်ခံ သူတို့ ခံစားပြီးမှ ချမ်းသာပြီးမှ တခြားသူများကို မျှဝေခံစားစေရမည် ဖြစ်သည်။ ပုံ အမိန့်အရ ဗိုလ်မှူးကျားကြီးကျော်ခိုင် အာရကန်အာမီ(ရခိုင်ပြည်တပ်မတော်) ရခိုင်ပြည် 9/2/2013

No comments:

Post a Comment