((( ပြတိုက်ထဲမှာ အငြင်းပွါးကြခြင်းနန့် ဆက်လျှောက်သင့်ရေ ရခိုင့်စာပီခရီးလမ်း )))
**********************************
ရခိုင့်စာပီကဏ္ဍရေ နှစ်ပေါင်းရာချီအလီလီပင် အကျဉ်းချ မျက်ကွယ်ပြုခံထားခရရေအတွက် စာပီဆိုင်ရာ အဆက်ဆက် လက်ဆင့်ကမ်းအမွီဆိုစော်လေ့ တိမ်ကောခရပါရေ ။ ရခိုင့်စာပီဆိုင်ရာ ကြမ်းခင်းရီးသားမှုဆိုင်ရာ စံနှုန်းထားကို သူ့စော်အမှန် ငါ့စော်အမှန်လို့ ငြင်းနီခဂတ်တေ လူတိလေ့ အုဋ်ဂူထဲမှာ ရောက်သူရောက် ။ မြီထဲကို ရောက်သူရောက် ။ ယင်းပိုင်ဒွိဟကို အရင်းပြုခဂတ်လို့ ခေတ်ကြီးလေးခေတ်က စာပီကဏ္ဍလည်း ပြတိုက်ထဲကို ရောက်လီခပါဗျယ် ။
ရခိုင်ရို့ ကိုယ်ပိုင်စာနန့် အမွီအနှစ်တိအများစုလေ့ ရောနှောမှုပြုထားလိုက်ကတ်ပါဗျယ် ။ တစ်ခုကျန်နီစော်က ရခိုင်လူမျိုးပါ ။ ဇာလောက်ပင် နိုင်ငံကြီးသားဖြစ်ခလီ ။ ဒေဂုအချိန်မှာ ကျွန်ဖြစ်နီဂတ်ရပါရေ ။ ကျွန်ဖြစ်လားရခြင်းအတွက် အသူ့ကိုမှလေ့ အပြစ်တင်လို့ မရနိုင်ပါဗျယ် ။ အမျိုးသားရီးအရ စည်းလုံးမှုမဟိခလို့ အိုးစကွဲခရရေပိုင် တောင်နန့်မြောက် နားလည်မှုရခစော်ကလေ့ သုံးနှစ်တာကာလရာ ဟိပါသိမ့်ရေ ။
ဒေဂုအချိန်ရေ အကျွန်ရို့အတွက် ဓါးသွားထက်မှာ ရောက်နီရေအချိန်ပါ ။ ရန်သူဝိုင်းထားပါရေ ။ စိကေတဗွေချေ အမှားဖက်ကိုစောင်းမိစော်နန့် တစ်မျိုးသားလုံး ချခရော်ပြန်လားနိုင်ပါရေ ။ ရခိုင်မှာ လက်ဟိအနီအထားအရ နောက်ခံမဟိဖြစ်နီပါရေ ။ ရန်သူတိမှာက နောက်ခံနိုင်ငံပေါင်းအများကြီး ဟိနီပါရေ ။ ကမန်းကတန်း အရေးကြီးလာဂေ ဗမာအစိုးရလည်း ရခိုင်ကို ဝေးသတ်ပလိုက်ဖို့အတွက် ဝန်လီးဖို့မဟုတ်ပါ ။ ဖေ့ဘုတ်လောကမှာတောင် စည်းလုံးမှုမဟိနိုင်ရေ လူမျိုးတစ်မျိုးအတွက် အပြင်မှာဆိုဂေ ပိုဆိုးလခပါဗျယ် ။ အယင်က ရခိုင်စာပီကဏ္ဍပိုင်းကို အမှားအမှန်ငြင်းချက်ထုတ်ခရေလူတိနောက်ကိုရာ လိုက်ခပါဂေ ပြတိုက်ထဲကိုရောက်ဖို့အတွက် ခြီလှမ်းသစ်စ.နီစော်ပိုင်လို့ ရှု့မြင်သုံးသပ်ပါရေ ။

နန်းတွင်းမိညို ( အာဘော် )
==================================
လမ်းဆိုစော် လူလားမှရာ တွင်လာရေပိုင် ရခိုင်စာအရီးအသားအတွက် စာပီစံနှုန်းထားကို ပင်ကိုယ်လမ်းကြောင်းအတိုင်းရာ လားသင့်ရေလို့ ဆရာကြီးမောင်စံဖေါ်က ရခိုင်ရိုးမမဂ္ဂဇင်း အမှတ် ၂ မှာ ယေဘူယျလမ်းကြောင်းတစ်ခု ချမှတ်ပီးခပါရေ ။
( ၁ ) ရခိုင်စကား လက္ခဏာ ပေါ်လွင်ထင်ရှားခြင်း ။
( ၂ ) ဒေသတစ်ခု ၊ လူအစုအဖွဲ့တစ်ခုတည်းရာ အသုံးပြုခြင်းမဟုတ်ပဲနန့် တစ်ပြည်လုံးက လက်ခံသုံးစွဲရေ အများသုံးစာ စကားဖြစ်ခြင်း ။
( ၃ ) စကားရင်းမြစ်ဆိုင်ရာ အရီးအသားတိ ခိုင်မာခြင်း ဆိုပနာ လမ်းကြောင်းသုံးခုကို ချမှတ်ပီးခပါရေ ။
ရခိုင့်စာပီ ယေဘူယျလမ်းကြောင်းတွင်လာအောင် တတ်သိနားလည် မတိမ်းမစောင်းရေ ကလောင်သျှင်အများက ဆက်လျှောက်ဖို့လိုပါမေ ။ အဂုအခါ ရခိုင်အရီးအသား စင်းသီးဖြစ်ဖို့ဆိုစော်က မလွယ်ကူပါ ။ ကလောင်သျှင်အသီးသီးရို့ စာရီးဂတ်တေခါ ကိုယ့်ပတ်ဝန်းကျင်အပြောကို အခြီခံပနာ ကိုယ့်ဒေသအသံကို စံထားဗျယ် စာလုံးပေါင်းဂတ်တေ ။ ဒေသကွဲပြားနီရေအတွက် တစ်ချို့နီရာတိမှာ လီသံကွဲပြားလာရေအတွက် အရီးအသားပိုင်းဆိုင်ရာ စာလုံးပေါင်းသတ်ပုံတိလေ့ ကွဲပြားလားရေလေ ။
ဒေပိုင်သျှောင် ကွဲပြားနီစော်ကို အစွာပိုင်လုပ်ဖို့လဲဆိုရေ ပြဿနာတစ်ရပ်က ကလောင်သျှင်တိကြားမှာ ဂဇဂရဲ ပေါ်လာဂတ်ပြန်ယာ ။ ဒေပြဿနာစော် "" ဒေသကွဲပြားမှုကြောင့် အသုံးနှုန်းပိုင်းဆိုင်ရာ တစ်ဖက်နန့်တစ်ဖက် အံဝင်ဂွင်ကျမဖြစ်မှု "" ဆိုရေ အဓိကသော့ချက်က အရင်းခံကျနီပါရေ ။ ယင်းပိုင် တောင်နန့်မြောက် ဒေသကွဲပြားမှုကြောင့် အရီးအသားပိုင်းကိုလေ့ ဆရာကြီးမောင်စံဖေါ်က ယေဘူယျသဘောလမ်းကြောင်းတစ်ခု ချပီးခပါရေ ။
ရခိုင်ဒေသအသီးသီးမှာ မြို့အလိုက် နီရာဒေသအလိုက် ပြောဆိုသုံးစွဲနီဂတ်တေ သရအသံရေ အမျိုးမျိုးကွဲပြားနီဂတ်တေလို့ ထင်စရာဟိဂေလေ့ အကြမ်းဖျင်း သိမ်းခြုံပြောရဂေ ဥပမာ . . . စစ်တွေဒေသဖက်က စကားနန့် ရမ်းဗြဲဒေသဖက်က အသုံးစကားလို့ နှစ်မျိုးရာ ရနိုင်ပါဖို့ ။ ယင်းနှစ်မျိုးကလေ့ ခြားနားချက်တိ ဟိတန်သလောက်ဟိဂေလေ့ မများစစားကြီး မဖြစ်နိုင်ပါ ။ စကားသံ ၊ စကားလုံး ၊ ပုဒ် ၊ ဝါကျအဖွဲ့အနွဲ့အများစုရေ အတူတူဗျယ်လို့ ဆိုလိုနိုင်ပါရေ ။
ဆရာကြီး၏ အာဘော်အရ အကျွန်ရို့ပြောဆိုနီဂတ်တေ "" ရခိုင်စကားသံ "" ဆိုစော်မှာ စစ်တွေဒေသပိုင်းအသံ ရမ်းဗြဲဒေသပိုင်းအသံရို့ ပါဝင်နီပါရေ ။ ယင်းဒေသနှစ်ခု သရသံရို့ကိုလေ့ သီးခြားဖြစ်ဖြစ် ရောနှောလို့ပင်ဖြစ်ဖြစ် လက်ခံရီးသားဂေ ရခိုင်အရီးအသားပင်ဖြစ်တေလို့ ယေဘူယျအားဖြင့် မှတ်ယူနိုင်ပါရေ ။ ယေဘူယျလမ်းကြောင်းကိုမူတည်လို့ လက်ခံရီးသားဂတ်တေခါ အထက်မှာဖေါ်ပြခရေ လမ်းညွှန်စကားသုံးခုကို အသုံးပြုဖို့လိုအပ်ပါလိမ့်မေ ။
ပထမလမ်းညွှန်စကားကို ရုပ်လုံးပေါ်အောင် သုံးသပ်ရဖို့ဆိုပါဂေ ရခိုင်စာဆိုတော်ကြီးဖြစ်တေ ဥက္ကာပျံ၏ "" အောက်အာကာဗွီ ၊ ဝါယောထွီ၍ ၊ လီထက်ကားရီ ၊ ရီထက်မြီနန့် ၊ ပထဝီဟု "" စပ်ဆိုထားခရေ ရတုကောက်နှုတ်ချက်က "" ဗွီ ၊ ထွီ ၊ လီ ၊ ရီ ၊ မြီ "" ဆိုရေ "" အီ "" သရသံကို ( အီ အိ အီး ) လို့ နမူနာပြချင်ပါရေ ။ အီသရသံ ရီးသားဟန်ရေ ရခိုင်စကားလက္ခဏာပေါ်လွင်ရေ ရီးသားဟန်ဖြစ်တေလို့ ဆိုနိုင်ပါရေ ။
ယင်းသရသံတိကို စစ်တွေဒေသဖက်က အသံတိမှာလေ့ တွိ့ရရေပိုင် ရမ်းဗြဲဒေသဖက်က အသံတိမှာလေ့သော့ တွိ့ရပါရေ ။ ယင်းကြောင့် အီသရသံ ရီးသားဟန်ရေ ရခိုင်စကားလက္ခဏာ ပေါ်လွင်ရေ ရီးသားဟန်ဖြစ်တောင်မက ရခိုင်ဒေသအသီးသီးက လက်ခံသုံးစွဲရေ အများသုံးဟန်ဖြစ်တေလို့လေ့ ဆိုသင့်ပါရေ ။ ဆရာကြီးက ဒုတိယလမ်းညွှန်စကားမှာ "" တစ်ပြည်လုံးက လက်ခံသုံးစွဲရေ အများသုံးစကား အရီးအသားဖြစ်ခြင်းနန့်လည်း ကိုက်ညီနီပါရေ ။
ဆရာကြီး၏ တတိယလမ်းညွှန်စကားမှာ "" စကားလုံးရင်းမြစ် ခိုင်မာခြင်း "" ဖြစ်ပါရေ ။ "" ရင်းမြစ် "" ဆိုရေ အဓိပ္ပါယ်မှာ ဒေနိ့ထက်ထိ လက်ငင်းပြောဆိုနီဂတ်တေ စကားတိနန့် ကျောက်စာ ပီစာ ပုရပိုက်စာရို့လေ့ ပါဝင်နီပါရေ ။ အေနိ့ အကျွန်ရို့ သုံးစွဲပြောဆိုနီဂတ်တေစကားစော် မိဖရို့ဘားက ရလာဂတ်စော်ပါ ။ စကားသံဆိုစော် အမြဲတည်နီစော်မျိုးလို့ တထစ်ကျမှတ်လို့လေ့မရပါ ။ ခေတ်အလိုက် ပြောင်းရွိ့တတ်ပါရေ ။ ပတ်ဝန်းကျင်အရ ဗန်စကားဆိုစော်လေ့တစ်မျိုး အသုံးအနှုန်းဝေါဟာရအရ စကားလုံးဝါကျစီရာမှာ ကြားညှပ်ထည့်ပုဒ် ရခိုင်ဘုရင်ခေတ်ကပင် သုံးနှုန်းမှုမဟိခရေ ခေတ်ပေါ်ပစ္စည်းကိရိယာတိက အရီးတစ်မျိုး အခေါ်အပြောတစ်မျိုး မူပိုင်သံတိရောလာစော်ကလေ့ ခေတ်စနစ်နန့် အကျဉ်းချခံထားရရေ ရခိုင့်စာပီကဏ္ဍပိုင်းကိုလေ့ အစွာပိုင်အလှမ်းဝီးနီခရလေဆိုစော်က ဒွိဟဖြစ်ဖို့အတွက် အဓိကတရားခံပါ ။
ယင်းပိုင် ပြောင်းလဲလာရေ စကားသံတိကို မူလဘူတဖြစ်တေ စကားရင်းမြစ်ကိုသိနိုင်အောင် ရှီးခေတ်က ကျောက်စာ ပီစာရို့ကို ကိုးကားရှာဖွီကြည့်ရရေအပိုင်းတိလေ့ ဟိပါရေ ။ အငြင်းပွါးနိုင်ရေ စာလုံးပေါင်းတိအတွက် အကောင်းဆုံးအဖြေတစ်ခု ရနိုင် / ထွက်လာနိုင်အောင် ကျောက်စာ ပီစာရို့က သက်သီသာဓကအဖြစ် ဟိနီပါရေ ။

ဦးမောင်ဗသိန်း ( ရက္ခိတစာပီဆုရှင် / မြို့နယ်ပညာရေးမှူး ( ငြိမ်း ) ၏ ရခိုင့်စာပီ အခင်းအကျင်းနန့် ဒေသကွဲလွဲမှုဆိုင်ရာ အရီးအသား ကွဲလွဲလာကြခြင်း ။
နန်းတွင်းမိညို့
No comments:
Post a Comment